Tuesday 10 November 2009

ခွဲခွာခြင်း

ငါကမင်းကိုချစ်ခဲ့တယ်..
မင်းကငါ့ကိုလမ်းခွဲဖို့ပြောခဲ့တယ်..
ငါဘယ်လိုရင်ဆိုင်ရမှာလဲ..
မင်းနဲ့ပတ်သက်ပြီးစိတ်ကူးယဉ်
အိမ်မက်ကမ္ဘာထဲမှာရွက်လွင့်ခဲ့ဖူးတယ်..
အခုတော့ဒါတွေအားလုံးဟာပျောက်ဆုံးသွားတော့မှာ.
မင်းအတွက်နဲ့ပျော်ရွင်စရာတွေကြုံခဲ့ရသလို..
စိတ်ညစ်စရာတွေလမ်းကြုံခဲ့ရတယ်..
ဒါတွေကိုငါရင်ဆိုင်ခဲ့ပါတယ်.
မင်းအတွက်င့ါကဘာမှမပေးနိုင်ခဲ့ဘူး.ထင်နေတယ်.
ငါကမင်းအတွက်အချစ်တွေပေးခဲ့တာပဲ...
ဒါကိုမင်းကနည်းတယ်ထင်ခဲ့တယ်..
မင်းတစ်ယောက်ထဲချစ်တယ်.
မင်းတစ်ယောက်ထဲမြတ်နိုးတယ်...
အခြားတစ်ယောက်ဆိုတာလဲရှိလာမှာမဟုတ်ဘူး.
စိတ်ခံစားချက်တစ်ခုတည်းနဲ့မင်းကိုငါချစ်ခဲ့တာမဟုတ်..
ပေးဆပ်ခြင်း....
စွန်လွတ်ခြင်း...
ခွင့်လွတ်ခြင်း...
အနစ်နာခံခြင်းတို့နဲ့ချစ်ခဲ့တယ်..
ဒါကိုမင်းကငါရှိနေတဲ့အချိန်မှာအကိုအကြောင်းပြောတယ်.
ကျေကွဲနာကျင်စွာနဲ့..
ငါနားထောင်ပေးခဲ့တယ်..
မင်းကဒါကိုမသိပဲ..ငါအရှေ့မှာပြောထွက်ခဲ့တယ်.
ရပါတယ်ဟာ..
ငါနားလည်ပါတယ်..
မင်းချစ်တာကငါမှာမဟုတ်တာ..
မင်းနှလုံးသားထဲမှာအခုချိန်ထိရှိနေသေးတဲ့..
မင်းရဲ့ချစ်သူဟာ..
အကိုဆိုတာသိလိုက်ရတဲ့အချိန်မှာတော့..
ငါဟာလေလွင့်သွားပြီးလား..
မင်းငါ့ကိုစွန်ခွာသွားပြီးလား..
ငါစိတ်ထဲဝမ်းနည်းမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်...
မင်းအရှေ့မှာဒူးထောက်ပြီးအသနားခံမေပါတယ်..ငါအချစ်ကိုမပစ်ပယ်လိုက်ပါနဲ့..
ဟိုအရင်ကပြောခဲ့ဖူးတယ်လေ..
မင်းငါ့ကိုသိပ်ချစ်တယ်ဆို..
မင်းငါ့နဲ့ဘ၀တစ်ခုကိုတည်ထောင်ခြင်တ.ယ်ဆို..
ငါတို့နှစ်ယောက်လက်တွဲတွေခိုင်မြဲနေကြမယ်ဆို..
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိကြမယ်ဆို..
မင်းငါ့ကိုကတိတွေအထပ်ထပ်ပေးခဲ့တယ်လေ..
အဲဒါတွေကောဘယ်ရောက်ကုန်ပြီးလဲ..
အဝေးကိုေ၇ာက်သွားပြီးလား..
နောက်ဆုံးတော့..ငါတို့
ခွဲခွာခြင်းမှတ်တိုင်မှာသွားပြန်ဆုံကြတာပါပဲ...........................။........။

No comments:

Post a Comment